Skip to content

CHAN KYONE

Menu
Menu

BKK and Me – 1 (ကျွန်တော်နှင့် ဘန်ကောက် – ၁)

Posted on October 14, 2024 by chankyone

ဘန်ကောက်မှာ နေတာ ၃လ ကျော်လာပါပြီ.. ဒီကိုလာဖြစ်ရတဲ့အကြောင်းအရင်းကတော့ ပြောရရင် ၂၀၂၄ နှစ်စ January ၁၂ ကနေစတာပါ။ ကျွန်တော့်ဆရာ တစ်ပါးဖြစ်သူက ဘန်ကောက်ကို ခရီးရှိတယ်လိုက်မလားပြောရင်းကနေ လေယာဉ်လက်မှတ်ခ သက်သာအောင် ရုံးက သူဌေးကို ဘန်ကောက်ဘက် Survey ကောက်ဖို့ရှိမလားမေးရင်းက စတာ.. JAN, MARCH, APRIL, MAY, JUN လတွေမှ သွားလိုက်လာလိုက်လုပ်ရင်း JULY မှာ ကျွန်တော့်ကို အလုပ်ကိစ္စနဲ့ ဘန်ကောက်ဘက် စေခိုင်းလာတော့ ကျွန်တော်လည်း တစ်ယောက်တည်းမနေတတ်သူမို့ အမျိုးသမီးနဲ့ ဒီဘက်ကိုရွှေ့လာရတော့တယ်။ ဘန်ကောက်မြို့ဟာ ထိုင်းနိုင်ငံ (ယခင်အခေါ် Siam) ရဲ့ မြို့တော်တစ်ခုဖြစ်ပြီး ၂၀၂၀ သန်းခေါင်စာရင်းအရ ၁၀.၅သန်းခန့် လူဦးရေထူထပ်ပါတယ် မြို့နယ်ပေါင်း ၅၀ ရှိပါတယ်။ ထိုင်းလူမျိုးတွေကတော့ ဘန်ကောက်ကို Krung Thet Mahanakhon လို့ခေါ်ကြပါတယ်။

အခန်းငှါး

ကျွန်တော်ကတော့ မပြောင်းခင်ကတည်းက အိမ်တွေကိုစိတ်ကြိုက်ရှာနေတာ လူ့အလိုနတ်မလိုက်နိုင် ဆိုသလိုပေါ့ လိုချင်တာက ကောင်းလဲကောင်းရမယ်၊​သန့်လည်းသန့်ရမယ်.. ဈေးလည်းပေါရမယ်ပေါ့ ဒီလိုနဲ့ ရှာလိုက်တာ DDproperty.com တို့ LivingInsider တို့ကနေရှာနေတာ ယပလတ် ပွဲစားတွေနဲ့ လိုက်ကြည့် ဘာညာပေါ့.. ငှါးသာမငှါးနိုင်တာ ကွန်ဒိုအလန်းစား (တစ်လငှါးစရိတ် ၄၀,၀၀၀ ဘတ်ကနေ ၁သိန်းထိ)တွေ ကြည့်ဖြစ်ခဲ့သည်ပေါ့။ နောက်ဆုံး လိုတာမရ ရတာမလိုဖြစ်တော့ ထုံးစံအတိုင်းမြန်မာပွဲစားတွေနဲ့ ချိတ်ဆက်ရှာရတာမှာ ဖြစ်ချင်တော့ ကျွန်တော့်ညီ အငယ်ကောင်က ဒီဘက်ကိုရောက်နှင့်နေပြီးသားဖြစ်တော့ သူကနေတဆင့် မြန်မာအများစုနေထိုင်ကြတဲ့ ဘန်ကပိ Bang Kapi က ပွဲစားနဲ့ ချိတ်ဆက်ပြီး AC Group ရဲ့ အခန်းကို ငှါးဖြစ်သွားတယ်။ ငှါးခစရိတ်တွေက အစားစားပဲ ၃၅၀၀ ဘတ်ကနေ ၇၀၀၀ ဘတ်, ၉၀၀၀ ဘတ် ထိရှိကြတယ်။ ကျနော့်အခန်းကတော့ တစ်လ ဘတ် ၄၅၀၀ ဘတ်ပါ။ ပွဲခတော့ ၁၀၀၀ ဘတ်ပေးလိုက်ရပါတယ် တချို့ပွဲစားတွေကတော့ ၁၂၀၀ – ၂၀၀၀ ထိ အစားစားယူကြတယ်။ ထိုင်းစကားပြောတတ်ရင်တော့ AC Group ရုံးကို ကိုယ်တိုင် သွားမေးပြီးငှါးလို့ရကောင်းရနိုင်ပါရဲ့… ဘာလို့ရကောင်းရနိုင်တယ်လို့ပြောလဲဆိုတော့ ပွဲစားတွေနဲ့ အဲ့က ရုံးနဲ့က ချိတ်ပြီးသားဖြစ်ပြီး အခန်းလွတ်တာနဲ့ လွတ်တဲ့အခန်းကို ပွဲစားတွေကကိုင်ထားပါတယ်.. ကျွန်တော့်အတွေ့အကြုံအရတော့ ရုံးကိုဘယ်အချိန်သွားမေးမေး မရှိဘူးဆိုတာချည်းပါပဲ။

ဘာလို့ AC Group အခန်းကိုငှါးဖြစ်လဲ

ဘာလို့ဆိုတော့

  • ရုံးနဲ့သွားရေးလာရေးနီးတာ
  • ဈေးသက်သာတာ
  • မြန်မာလူမျိုးအနေများတာ
  • အနီးတဝိုက်မှာ ဈေးသက်သာတဲ့ဆိုင်တွေများတာ
  • အခန်းခ စပေါ်ငွေ ပေးရတာတခြား ကွန်ဒို/တိုက်ခန်း ထက်နဲတာ
  • စာချုပ်ကလည်း ၆လ ၁နှစ်ချုပ်စရာမလိုတာ

အဲ့အချက်တွေကြောင့် ငှါးဖြစ်သွားပါတယ်.. အခန်းကတော့ ကျဉ်းပါတယ် စိတ်ကြိုက်ကြီးတော့မဟုတ်ပေမယ့် လင်မယား ၂ယောက်နေရုံပဲဆိုတော့ အဆင်ပြေသည်ပေါ့.. အခန်းထဲမှာကတော့ Facility အနေနဲ့ TV(Set top box မရှိ လိုင်းတွေသိပ်မကြည်), ရေခဲသေတ္တာ, ခုတင်, ထမင်းစားစားပွဲ ၁လုံး, ထိုင်ခုံး ၁လုံး, ဘီဒို, မှန်တင်ခုံ အဲ့တာတွေ ပါပါတယ်။ ပြီးတော့ ဒီ AC Group ကို မြန်မာတွေအနေများတာကြောင့် ဘန်ကောက်ရဲ့ မုဒိတာ အိမ်ယာ လို့တောင် ခေါ်ဝေါ်ကြပါသေးတယ်။ လိပ်စာက Soi Ramkhaeham 50, Bang Kapi, Hua Mak, Bangkok 10240 မှာပါ.. မြန်မာလူမျိုးတွေကတော့ လမ်း၅၀ ဆိုပြီး အလွယ်တကူခေါ်ကြပါတယ် (VoA ကတော့ ဘန်ကောက်ရဲ့ လှည်းတန်းဆိုပြီး မှတ်တမ်းတင်သွားပါသေးတယ်).. အခန်းငှါး Tips: မြန်မာလူမျိုး အခန်းအဝင်အထွက်အမြဲရှိတတ်ပါတယ် ဒါကြောင့် Facebook Group ထဲဝင်ပြီး အခန်းလက်လွှဲရှာငှါးနိုင်ပါတယ်။ ငွေကြေးတအားအခက်အခဲမရှိရင်တော့ ကိုယ်နဲ့ မသိတဲ့ အခန်းဖော်နဲ့တွဲပြီး တူတူနေတာကို အားမပေးပါဘူး နောက်ပိုင်း လူမှုရေးပြဿနာများတတ်လို့ပါ။ အခန်းနဲ့အတူ ကုန်ကျတတ်တာက ရေဖိုးမီးဖိုးပါ ကျွန်ငှါးတဲ့အခန်းမှာတော့ မီး တစ်လ ၆ဘတ်၊ ရေတစ်လ ၁၈ဘတ် ပါ။ အစိုးရဈေးက မီးတစ်လ ၄ဘတ်ဝန်းကျင် လို့သိရပါတယ်။ ဒါပေမယ့် ကွန်ဒိုနဲ့ အိမ်ယာတွေက သူတို့ Management Fees ပါပေါင်းယူတတ်တာကြောင့် ၄ဘတ်ဝန်းကျင်ကနေ ၈ဘတ်အထိ အစားစားယူတတ်ကြပါတယ် မငှါးခင်ကြိုမေးထားသင့်ပါတယ်။

နေ့စဉ် သွားလာရေး Commute

လေယာဉ်ဆိုက်လို့ ဘန်ကောက်ကိုခြေချပြီဆိုတာနဲ့ သွားရေးလာရေးကိစ္စက စပါပြီ။ ဘန်ကောက်မှာ သွားလာရေးအနေနဲ့ ကား၊ ရထား၊ ဆိုင်ကယ်၊​ လိုင်းကား၊ လှေ၊​ တုပ်တုပ်(အနီးအနားအတွက်သာ) အဲ့ဒါတွေ အသုံးပြုနိုင်ပါတယ်.. ကားနဲ့အသွားအလာလုပ်မယ့်သူတွေ ကိုယ်ပိုင်ကားဝယ်စီးနိုင်ရင် ယာဉ်မောင်းလိုင်စင် လုပ်ပြီးကိုယ်ဖာသာ မောင်းလို့ရသလို ကားငှါးတဲ့လုပ်ငန်းတွေကနေလည်း စပေါ်နဲ့ လစဉ်ကြေးပေးပြီး စာချုပ်ချုပ်ငှါးစီးလို့ရပါတယ်။ မဟုတ်ရင်တော့ Grab, Bolt စတဲ့ Application တွေရှိထားတာကောင်းပါတယ်.. ကျွန်တော့်အတွေ့အကြုံအရတော့ Grab က ဈေးပိုများတတ်တာကြောင့် Bolt ကိုပိုကြိုက်ပါတယ်။

Bolt ငှါးရင်အရေးပေါ်ကိစ္စကလွဲရင်တော့ Economy or just Bolt ကိုပဲငှါးဖြစ်တယ်။ Comfort ဆိုတဲ့ version က ၇၅ရာခိုင်နှုန်းလောက်ဈေးပိုများပါတယ် လာကြိုတာတော့ မြန်တတ်တယ်။ ကျွန်တော်ကတော့ နေ့စဉ်ရုံးသွားတာကို ဘန်ကောက်ရထားလိုင်းတွေထဲက BTS Company က ဦးစီးတဲ့ (MRT Yellow Line) အဝါလိုင်းရထားနဲ့သွားဖြစ်ပါတယ်။ ရုံးနဲ့ အိမ်က ၂ ဘူတာပဲဆိုတော့ ၂၃ဘတ်ပဲကုန်ပါတယ်။ အမြဲတမ်းစီပြီးလက်မှတ်ဝယ်ရတာတဲ့ဒုက္ခသက်သာချင်တော့ Rabit Card လိုခေါ်တဲ့ ရထားစီးကတ်လေးလုပ်ထားလိုက်ပါတယ် Deposit ၁၀၀ ဘတ် သွင်းရပါတယ် ငွေကိုတော့ စိတ်ကြိုက်ထည့်ပေါ့။ အဲ့ကတ်နဲ့ အဝါလိုင်းအပြင် အစိမ်းလိုင်းပါ စီးလို့ရပါတယ်.. ပြီးတော့ Turtle Store ကနေလည်း အဲ့ကတ်နဲ့ဝယ်လို့ရပါတယ်။

ဆိုင်ကယ်တွေ ဒီမှာအစီးများပါတယ် ကားပိတ်နေရင် ဆိုင်ကယ်စီးတာ ပိုမြန်တတ်ပါတယ်။ ဝယ်စီးရင် ဘတ် ၂၀၀၀၀ ဝန်းကျင်ကနေ သိန်းဂဏန်းထိအစားစားရှိပါတယ် ဆိုင်ကယ် Driving License လိုအပ်ပါတယ်။.. ငှါးစီးမယ်ဆိုရင်တော့ လမ်းထိပ်တွေမှာ ဆိုင်ကယ်ဂိတ်တွေရှိတတ်ပါတယ်။ နီးရင် ဘတ် ၃၀ ကနေ ဝေးရင်ဝေးသလောက် တောင်းတတ်ကြပါတယ်.. ထိုင်းလူမျိုးတွေပဲ ဒီလိုအငှါးယာဉ်မောင်းခွင့်ရှိတာကြောင့် ကိုယ်ငှါးစီးမယ့်ဆိုင်ကယ်သမားက English မပြောတတ်ရင်နဲနဲအခက်အခဲရှိနိုင်ပါဝယ်.. ကျနော်ကတော့ Bolt ကနေပဲ ငှါးစီးဖြစ်ပါတယ်။ စကားတွေသိပ်ပြောစရာမလိုတော့ဘူးပေါ့ လိုရာခရီးရောက်မှ ကျသင့်ငွေရှင်းရုံပဲ။ လှေကိုတော့ ကျွန်တော့်အနေနဲ့ Bangkapi Pier ကနေ Pratunam Pier ထိ ကိုသွားတဲ့ လှေပဲ စီးဖြစ်တယ် အဲ့ထိကို ၂၂ဘတ်ပဲပေးရပါတယ် လမ်းပိတ်တာ ဘာညာမရှိတော့ မြန်မှမြန်ပဲ နာရီဝက်ပဲကြာတယ်။ ကား/ရထားဆို အဲ့လောက်အချိန်နဲ့မရောက်ဘူး အနည်းဆုံး ၁နာရီ ၂နာရီလောက်ကြာသွားမှာ။ ဒါကြောင့် လှေကလည်းတော်တော်အသုံးဝင်ပါတယ်။ မြောင်းလမ်းအတမ်းသွားတာပါ။ Google Map ကနေကြည့်ပြီးနီးစပ်ရာ ဆိပ်ကမ်းကနေ တပ်စီးလိုက်ရုံပဲ အထဲမှာ စပယ်ယာပါတယ် သူ့ကို တောင်းသလောက်ပေးပေါ့။ လိုင်းကားစီးမယ်ဆိုရင်တော့ Via Bus Application လေးက တော်တော်အသုံးဝင်ပါတယ်။ ဘုရားကျောင်းသွားတဲ့တစ်ခေါက်ပဲ ၆မှတ်တိုင်လားမသိစီးဖူးတာ ၁၆ဘတ်ပဲပေးရ သူလည်းစပယ်ယာပါတယ်။

နေထိုင်စားသောက်စားရိတ်

ဒီတော့ ကျွန်တော်တို့ လင်မယား တစ်လတစ်လ အသုံးစားရိတ် ဘယ်လောက်ကုန်လဲဆိုတော့ အမှန်တကယ်ကုန်ခဲ့တဲ့ ခန့်မှန်းစားရိတ်ကိုတွက်ပြကြည့်ပါမယ်..

DescriptionAmount In THB
အခန်းခ4500
Electricity Bill1300
Water Bill200
ထမင်းစားရိတ် (မနက်၊​နေ့လည်၊ည) ၂ဦးစာ5300
Entertainment – ရုပ်ရှင်ကြည့် (၂ပတ် ၁ခါ) ၂ဦးစာ1200
ရထား၊ Taxi ၊ လှေ (Commute)1590
လူမှုရေးကုန်ကျစားရိတ် (လက်ဖွဲ့၊ အလှူ၊ မုန့်ကျွေး)2000
ဘုရားအလှူငွေ (Tithe, Offering, etc…)2300
မိသားစုသို့ပို့ငွေ10000
Approximate Cost of Chan’s Couple

တစ်လတစ်လ ပျမ်းမျှဘတ် ၂၈၀၀၀ ကျော်လောက်ကုန်ပါတယ်.. ကျွန်တော်တို့ကတော့ ၂ဦးဆိုတော့ ဈေးထဲက ဝယ်ပြီးချက်စားတာက ပိုသက်သာပါတယ်။ တစ်ဦးတည်းသမားကတော့ လမ်းထဲမှာ ဘတ် ၄၀တန်ဆိုင်ရှိပါတယ် အဲ့ကနေ ဝယ်စားတာက ပိုသက်သာနိုင်ပါတယ်။ အသုံးစားရိတ်ဆိုတာ Budget ကိုစီစစ်မသုံးရင် ပိုကုန်တတ်ပါတယ်။ ဒါက ၃လအတွင်း ကုန်ကျခဲ့တဲ့ ပျမ်းမျှပါ ဒီလမှာ အရင်ထပ်ပို စီစစ်ပြီး သုံးဖြစ်ပါတယ် ဒီထက် သက်သက်သာသာ နေထိုင် စားသောက်လို့ရပါတယ်။ ဘန်ကောက်မှာလာနေမယ်ဆို အပေါ်က ခေါင်းစဉ်အလိုက် ကုန်ကျငွေရှိပါမယ် ငွေပမာဏ ကွာနိုင်ပါတယ် ဒါပေမယ့် အဲ့ဒီခေါင်းစဉ်တွေအတိုင်းတော့ ကုန်မှာပါ ချိန်ဆထားသင့်ပါတယ်။

စစလာချင်းဘယ်လောက်ကုန်လဲ

ရန်ကုန်ကနေ စစလာပြီး ဒီကို ရောက်တဲ့အချိန်ထိ Set-up cost or One Time cost ဘယ်လိုကုန်ကျစားရိတ်တွေရှိတတ်လဲဆိုတာ ချိန်ဆနိုင်ဖို့ ကျွန်တော်ကုန်ကျထားတာတွေတွက်ပြပါမယ်. ဒီမှာတော့ ကျွန်တော့်တစ်ဦးစာသာ တွက်ပြပါမယ် စပ်စုချင်ရင် ကျွန်တော့် အမျိုးသမီးကုန်ကျစာရိတ်ကို ကိုယ့်ဖာသာ ထည့်ပေါင်းကြည့်ပေါ့

DescriptionAmount In THB
Tourist Visa (in Yangon)3500
Airt Ticket fees (YGN-BKK)3700
Rental Deposit and one month Rent11500
Home and Kitchen accessories5900
3 Day Hotel Stay1500
Laos Non-B Visa Run10000
House Rental Agent Fees1000
BKK move-in cost of MR.Chan

ကျွန်တော်ကတော့ စုစုပေါင်း ၃၇၁၀၀ ဘတ် ကုန်ပါတယ်။ ဒီမှာ တစ်ခုရှိတာက Non-B VISA က ရုံးဘက်က စာရွက်စာတမ်းတွေ အကုန် Support ပေးတာကြောင့် ဒီလောက်ပဲကုန်တာပါ။ တကယ်လို့ ကိုယ်က အလုပ်မရှိသေးဘူး ဒီမှာပဲ​အလုပ်ရှာရမယ်ဆို VISA ကို ဘာနဲ့နေမယ်လဲဆိုတာပေါ်မူတည်ပြီး ကုန်ကျစရိတ်ကွာသွားပါလိမ့်မယ်။ အများစုကတော့ Luanguage School VISA (Non-ED) ကိုပွဲစားအပ်ပြီးနေကြတာရှိသလို Tourist VISA (TR) ကိုပဲ ၃လ Extension တိုး Laos (သို့မဟုတ်)​ Cambodia လို အပြင်ထွက်ပြီး တစ်ခါပြန်လျှောက်ပြီး သက်တမ်းတိုးသွား သူတွေလဲရှိပါတယ်။ ပွဲစားကိုပေးရတဲ့ကုန်ကျစရိတ်ပေါ်မူတည်ပြီး TR နဲ့ Non-ED (Language School) တို့ ကုန်ကျစရိတ်က တစ်ခုခုပိုသက်သာသွားမှာပါ။

ဧည့်စာရင်း (သို့) TM30

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း မြန်မာအခေါ် ဧည့်စာရင်းတိုင်တဲ့ ဓလေ့ရှိပါတယ်။ သူတို့ကတော့ TM30 ခေါ်တာပေါ့။ ရိုးရှင်းပါတယ် ကိုယ်ဘယ်မှာနေနေကြောင်း လဝက (immigration)ကို အကြောင်းကြားတာပါ။ ကိုယ်က ဟိုတယ်မှာနေတာလား (ဒါမှမဟုတ်) အိမ်ငှါးနေတာလား အဲ့ဒီအိမ်ရှင်(သို့) Hotel Reception ကို TM30 Form တောင်းလို့ရပါတယ်။ အိမ်ရှင်ပေါ်မူတည်ပြီး TM30 ကိုသူတို့လုပ်ပေးတာရှိသလို ကိုယ့်ဖာသာ တင်ရတာလည်းရှိပါတယ်။ ကိုယ့်ဖာသာတင်ရမယ်ဆိုရင်တော့ အိမ်ရှင်ဆီက ID ရယ်၊​ House Registration ရယ်တောင်းပြီး immigration website မှာတင်လိုက်လို့ရပါတယ်။ TM30 ကိုယ့်ဖာသာတင်မယ် ဆိုတဲ့အကြောင်း အားရင် ရေးပေးပါဦးမယ်.. TM30 က တစ်ခုရှိတာက အပြင်ထွက်ပြီးပြန်ဝင်လာတိုင်း Update လုပ်ပေးရပါတယ်။ Long stay သမားမဟုတ်ရင်တော့ ဒီ TM30 ကိုခေါ်ထဲသိပ်ထည့်စရာမလိုပါဘူး။ ထပ်ပြီး အရေးကြီးတာက ဘာဗီဇာနဲ့ပဲ နေနေ ထိုင်းနိုင်ငံထဲမှာ နေတာ ရက် ၉၀ ပြည့်ရင် လဝကကို လူကိုယ်တိုင် သွားပြီး (90 days notification) အကြောင်းကြားရပါတယ်။ ကိုယ့်မြို့နယ်ရဲ့ လဝကရုံးကိုသွားရမှာပါ။

ဒီလောက်နဲ့ခန ရပ်လိုက်ပါမယ် နောက်အလျှင်းသင့်သလို ထပ်တင်သွားပါမယ်…

Category: Uncategorized

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Recent Posts

  • BKK and Me – 1 (ကျွန်တော်နှင့် ဘန်ကောက် – ၁)
  • List of District in BKK (ဘန်ကောက်ရဲ့မြို့နယ်စာရင်း)
  • Telegraphic Transfer ဆိုတာ
  • Hello world! by MR CHAN

Recent Comments

No comments to show.

Archives

  • October 2024
  • September 2024
  • August 2024

Categories

  • Finance
  • Uncategorized
© 2026 CHAN KYONE | Powered by Minimalist Blog WordPress Theme