ဘန်ကောက်မှာ နေတာ ၃လ ကျော်လာပါပြီ.. ဒီကိုလာဖြစ်ရတဲ့အကြောင်းအရင်းကတော့ ပြောရရင် ၂၀၂၄ နှစ်စ January ၁၂ ကနေစတာပါ။ ကျွန်တော့်ဆရာ တစ်ပါးဖြစ်သူက ဘန်ကောက်ကို ခရီးရှိတယ်လိုက်မလားပြောရင်းကနေ လေယာဉ်လက်မှတ်ခ သက်သာအောင် ရုံးက သူဌေးကို ဘန်ကောက်ဘက် Survey ကောက်ဖို့ရှိမလားမေးရင်းက စတာ.. JAN, MARCH, APRIL, MAY, JUN လတွေမှ သွားလိုက်လာလိုက်လုပ်ရင်း JULY မှာ ကျွန်တော့်ကို အလုပ်ကိစ္စနဲ့ ဘန်ကောက်ဘက် စေခိုင်းလာတော့ ကျွန်တော်လည်း တစ်ယောက်တည်းမနေတတ်သူမို့ အမျိုးသမီးနဲ့ ဒီဘက်ကိုရွှေ့လာရတော့တယ်။ ဘန်ကောက်မြို့ဟာ ထိုင်းနိုင်ငံ (ယခင်အခေါ် Siam) ရဲ့ မြို့တော်တစ်ခုဖြစ်ပြီး ၂၀၂၀ သန်းခေါင်စာရင်းအရ ၁၀.၅သန်းခန့် လူဦးရေထူထပ်ပါတယ် မြို့နယ်ပေါင်း ၅၀ ရှိပါတယ်။ ထိုင်းလူမျိုးတွေကတော့ ဘန်ကောက်ကို…
Author: chankyone
List of District in BKK (ဘန်ကောက်ရဲ့မြို့နယ်စာရင်း)
ဘန်ကောက်ကို ထိုင်းလူမျိုးတွေက Krung Thep Maha Nakhon လို့ခေါ်ပြီး Min Buri, Samut Sakhon, Samut Prakan, Chachoengsao, Nontha Buri, Nakhom Pathum, Pathum Thani စတဲ့ Province တွေကြားမှာတည်ရှိပါတယ်။ မြို့နယ် (District) ပေါင်း ၅၀ခုနဲ့ဖွဲ့စည်းထားပြီး မြိုနယ်ခွဲပေါင်း (Subdistrict) ကတော့ ၁၈၀ခု ရှိပါတယ်.. Area ပေါင်း 1,568.7 square kilometres ရှိပြီး ၂၀၂၀ သန်းခေါင်စာရင်းအရ စုစုပေါင်း ၁၀.၅ သန်း (စုစုပေါင်းထိုင်းလူဦးရေရဲ့ ၁၅.၃ ရာခိုင်နှုန်း) ရှိပါတယ်။ အောက်ကပုံကတော့ ဘန်ကောက်မြို့ကို ခွဲထားထဲ မြို့နယ်ပေါင်း ၅၀ တည်နေရာပြမြေပုံပါ။ နံပါတ်စဉ်အတိုင်း မြို့နယ်ဇယား…
Telegraphic Transfer ဆိုတာ
နိုင်ငံခြားကိုငွေလွှဲဖို့လိုလာလို့ စုံစမ်းကြည့်ရာကနေ Telegraphic Transfer ဆိုတဲ့စကားလုံးကိုကြားမိတာကြာပါပြီ ငွေလွှဲအကျိုးဆောင်အခေါ်ကတော့ TT အဝေးပေါ့နော်.. အဲ့ဒါခုတလော remittance အကြောင်းတွေ လိုက်ဖတ်ကြည့်မှ ဟိုဟာဖတ်လိုက် Term အဓိပ္ပာယ်လိုက်ကြည့်လိုက် လုပ်ရင်း Telegraphic Transfer ဆိိုတာဘာလဲဆိုတာပါ လေ့လာမိသွားပါတယ်… Photo credit goes to WallStreetMojo Telegraphic Transfer ဆိုတာဘာလဲ… Telegraphic Transfer (သို့) Telex Transfer (သို့) TT ဆိုတာ Electronic method နဲ့ ငွေလွှဲတာပါပဲ.. အခြေခံအားဖြင့် နိုင်ငံရပ်ခြားက ဘဏ်တစ်ခုခုကိုဆီကို wire transactions လုပ်ဖို့လိုလာတဲ့အခါ အသုံးများပါတယ်။ သူ့နာမည်အတိုင်းပဲ ဘဏ် (သို့) ငွေကြေးအဖွဲ့အစည်း ၂ခုကြား အလွှဲအပြောင်းတွေလုပ်ဖို့ ပြောဆို ဆက်သွယ်တာ…
Hello world! by MR CHAN
ဒီ Blog ကတော့ ကျနော် တစ်ခုခုလေ့လာတဲ့အချိန် မှတ်စုအနေနဲ့ မှတ်ဖို့ရယ်၊ တွေးမိတွေးရာ အတွေးကောင်းလေးတွေပေါ်လာရင် ပျောက်မသွဦးအောင် မှတ်ဖို့ရယ်… အသိမိတ်ဆွေတွေအတွက် Share လုပ်ပေးချင်လာတာလေးတွင်ရှိရင် ညွှန်းဖို့ စာမျက်ရှိဖို့ရယ်အတွက် ရည်ရွယ်ပြီး လုပ်ဖြစ်သွားတာပါ။ စိတ်ဝင်စားရင် Bookmark လုပ်ထားပြီး အလျှင်းသင့်ရင် ဝင်ဖတ်နိုင်ပါတယ်။