နိုင်ငံခြားကိုငွေလွှဲဖို့လိုလာလို့ စုံစမ်းကြည့်ရာကနေ Telegraphic Transfer ဆိုတဲ့စကားလုံးကိုကြားမိတာကြာပါပြီ ငွေလွှဲအကျိုးဆောင်အခေါ်ကတော့ TT အဝေးပေါ့နော်.. အဲ့ဒါခုတလော remittance အကြောင်းတွေ လိုက်ဖတ်ကြည့်မှ ဟိုဟာဖတ်လိုက် Term အဓိပ္ပာယ်လိုက်ကြည့်လိုက် လုပ်ရင်း Telegraphic Transfer ဆိိုတာဘာလဲဆိုတာပါ လေ့လာမိသွားပါတယ်…

Photo credit goes to WallStreetMojo
Telegraphic Transfer ဆိုတာဘာလဲ…
Telegraphic Transfer (သို့) Telex Transfer (သို့) TT ဆိုတာ Electronic method နဲ့ ငွေလွှဲတာပါပဲ.. အခြေခံအားဖြင့် နိုင်ငံရပ်ခြားက ဘဏ်တစ်ခုခုကိုဆီကို wire transactions လုပ်ဖို့လိုလာတဲ့အခါ အသုံးများပါတယ်။ သူ့နာမည်အတိုင်းပဲ ဘဏ် (သို့) ငွေကြေးအဖွဲ့အစည်း ၂ခုကြား အလွှဲအပြောင်းတွေလုပ်ဖို့ ပြောဆို ဆက်သွယ်တာ (Communication) ကို telegraph စနစ်ကိုအဓိကသုံးပါတယ်။ ဒါကြောင့်ပဲ Telegrphic Transfer ဆိုပြီး ခေါ်တွင်လာတာပေါ့။
Telegraphic transfer ဆိုတဲ့ငွေလွှဲနည်း Idea ဘယ်လိုဖြစ်လာတာလဲ…
ကနဦးအစကနေ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ငွေလွှဲတယ်ဆိုတာ ငွေကြေးဆိုတာကစတာလို့ အလွယ်မှတ်လို့ရတယ်။ အဲ့ဒီမှာငွေကြေးရဲ့အစပထမ Trading က လို့ပြောရမှာပါပဲ။ အားလုံးလဲသိပြီးသား ငွေကြေးအစ – Trading အစ – Barta Trade မှ ဆိုပြီးပြောရင်တောင် မှားမယ်မထင်ဘူး။ အဲ့တော့ လိုရင်ပြန်သွားမယ်ဆို Barta Trade မှာ ကိုယ်ရလိုတဲ့ ကုန်စည်ကို ကိုယ်ပေးနိုင်တဲ့ ကုန်စည်နဲ့ လဲလှယ်ကြတာပါ။ (ကုန်စည်လို့ပြောရင် ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုပါတယ်လို့မှတ်ပေးပါ) အဲ့တော့ လူတွေ အရောင်းအဝယ်လုပ်ဖို့ ဘာတာစနစ်နဲ့ လဲလှယ်ကြဖို့ရာ အလုပ်ပြီးမြောက်ဖို့ နေရာ (ဈေးကွက် – ရောင်းသူ၊ဝယ်သူစုံမှတ်) နဲ့ အချိန်အခါ ဆိုတာအမြဲလိုအပ်နေပြီး မလိုတာတွေ ကြိုဝယ်စရာမလိုအောင် ကြံစလာကြရာကနေ ဒင်္ဂါးလေးတွေကို တန်ဘိုးတစ်ခုအနေနဲ့ ထိမ်းသိမ်းထားနိုင်ပြီး ကုန်စည်တွေနဲ့ ပြန်လည်လဲလှယ်လို့ရလို့ ငွေကြေး(Currency) အနေနဲ့ သုံးတဲ့အလေ့အထပေါ်လာရာကနေ ခေါက်လို့လည်းရ သယ်လို့လည်းပိုမိုလွယ်ကူတဲ့ စက္ကူငွေကြေးကို တရုတ်တွေက CE/AD ၆၀၀ နဲ့ ၉၀၀ ကြားမှာ အလဲအလှယ်လုပ်ဖို့ လွှဲပြောင်းနိုင်ဖို့ စတင်အသုံးပြုနေကြပါပြီ။
Europe အလယ်ခေတ်တွေမှာတော့ (AD 500-1500) ကုန်သည်တွေက နိုင်ငံခြားသားတွေနဲ့ အရောင်းအဝယ်ကိစ္စတွေမှာ short-term bills of exchange ဆိုတဲ့ Concept ကို စတင်အသုံးပြုနေကြပါပြီ။ Bill of exchange ဆိုတာ ပေးသူအဖွဲ့က ရေးသားသတ်မှတ်ထားတဲ့ ငွေပမာဏအတိုင်း လက်ခံမည့်အဖွဲ့ တောင်းဆိုလာတဲ့အချိန် (သို့) ကြိုတင်သတ်မှတ်တဲ့ ရက်မှာ ပေးချေဖို့ လက်မှတ်ထိုးထားတဲ့ သဘောတူညီမှုမှတ်တမ်းပါ။ အစောပိုင်းမှာတော့ အရောင်းအဝယ်လုပ်တဲ့နေရာက ဒိုင်တစ်ဦးဦးက ဒါမှမဟုတ် တတိယပုဂ္ဂိုလ် (Third party)က Bill of Exchange account တွေကို တာဝန်ယူကြပြီး နောက်ပိုင်းမှာတော့ Bank bills ဆိုပြီး ထွန်းကားလာပါတော့တယ်။ လူတွေက အဲ့ဒီ ဘေလ်တွေနဲ့ ဒင်္ဂါးပြားတွေကို လဲလှယ်နိုင်ပါတယ်။ ဒီတော့ ဒင်္ဂါးပြားတွေ ဘေလ်တွေက လွတ်လပ်စွာ စီဆင်းလည်ပတ်လာကြပေမယ် ပျောက်ဆုံးပျက်ဆီးလွယ်တယ်လို့မြင်လာကြတဲ့အခါမှ ချက်လက်မှတ်တွေထပ် ထွန်းကားလာပြီး တစ်ဦးချင်းကို စီးပွားရေးအတွက်ကော ငွေကြေးအလွှဲအပြောင်းပေးဖို့ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။
အလွှဲအပြောင်းလုပ်ဖို့ ချက်လက်မှတ်တွေ သင်္ဘော(သို့)မြင်းနဲ့ သယ်ယူပို့ဆောင်တာက လနဲ့ချီပြီးကြာတတ်ပါတယ်။ ပိုမိုလျှင်မြန်တဲ့ နည်းလမ်းတွေကို ကြံစကြရင်း Telegraph နဲ့လွှဲပြောင်းတဲ့ Conecept ကိုရှာဖွေတွေ့ရှိကြပြီး Western Union က 1851 ကနေစတင်ပြီး ကုန်သည်တွေကို Telegraph နည်းလမ်းနဲ့ ငွေပေးချေမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ပမာဏကြီးမားတဲ့ ငွေတွေ နိုင်ငံတကာကို ပျံသန်းနေလာကြတဲ့အခါမှာတော့ ရွှေက Value Standard တစ်ခုဖြစ်လာပါတယ် ဘာလို့ဆိုတော့ Currencies အမျိုးမျိုးဖြစ်နေတာတွေထက် ရွှေကို လူတိုင်းက ပိုမိုလက်ခံကြလို့ပါ။ Bank bills တိုင်းကို အားကိုးစရာ ငွေပေးချေမှု အနေနဲ့ တကမ္ဘာလုံးက လက်မခံနိုင်ကြတော့တဲ့အခါ အဆိုပါ ပြဿနာတွေကို ဖြေရှင်းဖို့ နိုင်ငံတိုင်းက သူတို့ရဲ့ ငွေကြေးတန်ဘိုးတွေကို ထိန်းသိမ်းနိုင်ဖို့ Central Bank ဖွဲ့စည်းတည်ထောင်ကြဖို့ဖြစ်လာပြီး ၁၉၁၃ ခုနှစ်မှာ Federal Reserve ဆိုတဲ့စနစ်နဲ့အတူ US က Central Bank ရဲ့ Founding Father အနေနဲ့ ဦးဆောင်လာနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ နိုင်ငံတွေရဲ့ ငွေကြေးတန်ဘိုးကို ထိန်းသိမ်းပေးမယ့်အဖွဲ့အစည်းရှိလာပြီ ပြောရမှာပါ၊ နိုင်ငံတွေရဲ့ ငွေကြေးတန်ဘိုးဟာ ရွှေတစ်ခုတည်းအပေါ်မှာမမူတည်တော့ပဲ နိုင်ငံရေးတည်ငြိမ်မှု၊ ဥပဒေစိုးမိုးမှုနဲ့ စီးပွားရေးအခြေအနေေပါ်မှာ မူတည်လာပါတော့တယ်။
ဒီလိုနဲ့ပဲ Money Transfer ကို နည်းပညာတွေထွန်းကာလာတော့ Check, Ledger, Telegraph ကနေ Computer တွေအသုံးပြုပြီး စာရင်းအပြောင်းအလွှဲတွေလုပ်လာနိုင်ပါတယ် အဲ့ဒါကို Wire Transfer လို့လည်းခေါ်ပါတယ်။ ဒါပေမယ် Telegraphic Transfer (TT) ဆိုတဲ့အခေါ်အဝေါ်ကတော့ သုံးစမြဲပါပဲ။ ဒီမှာတစ်ခုရှိတာက UK Telegraphi Transfer method က Clearing House Automated Payment System (CHAPS) ကိုအသုံးပြုပြီး နိုင်ငံတကာ ငွေလွှဲတွေကတော့ Society for Worldwide Interbank Financial Telecommunications (SWIFT) စနစ်ကို အသုံးပြုကြပါတယ်။ ဒီတော့ ငွေလွှဲပြောင်းတယ်ဆိုတဲ့ Concept ဟာ ခေတ်တွေသာ ပြောင်းသွားမယ် “ဘယ်သူ့ကို ယုံကြည်ပြီး ဘာကို ယုံကြမလဲ” ဆိုတဲ့ အခြေခံကတော့ ပြောင်းမသွားပါဘူး။
Telegraphic Transfer က ဘယ်လိုအလုပ်လုပ်သလဲ…
နိုင်ငံတကာ အသုံးပြုတဲ့ SWIFT စနစ် Telegraphic Transfer ကအောက်က အဆင့်(၆)ဆင့်နဲ့အလုပ်လုပ်ပြီး ငွေလွှဲကြာချိန်က ၂ နာရီကနေ ၅ရက်အထိ အခြေအနေပေါ်မူတည်ပြီး ကြာနိုင်ပါတယ်။
- Sender begins transfer : TT ငွေလွှဲတွေအကုန်လုံး ပို့သူကနေစပါတယ် ပို့သူက လိုအပ်တဲ့ အချက်အလက်တွေအကုန် ပို့ပေးမယ့်ဘဏ်ကို ရေးသားပြီးတင်ပြရပါမယ်။ အဲ့ဒီအချက်အလက်တွေမှဦ လက်ခံသူရဲ့ name, account number, and bank’s SWIFT code စတာတွေ နဲ့အတူ ပေးပို့မယ့် ငွေပမာဏရယ် ပို့မယ် ငွေကြေးအမျိုးအစား (USD or GBP or THB…) ကို ထည့်သွင်းဖော်ပြရပါမယ်။
- Receiver’s details are verified : ပို့ပေးမယ့်ဘဏ်က ငွေလက်ခံသူရဲ့ အချက်အလက်တွေကို မှန်မမှန် စစ်ဆေး အတည်ပြုပါတယ်။
- Transfer is authorised : ပို့ပေးမယ့်ဘဏ်က ငွေလွှဲပြောင်းပေးခွင့်နဲ့ ပို့သူလိုချင်တဲ့ ငွေကြေးကို ပြောင်းလဲပေးဖို့ အခွင့်အာဏာရယူပါတယ်။
- Money is transferred : ပို့ပေးမယ့် ဘဏ်က လက်ခံမယ့်ဘဏ်ကို SWIFT စနစ်အသုံးပြုပြီး ငွေစာရင်းအလွှဲအပြောင်းလုပ်ပေးပါတယ်။
- Money arrives in the receiver’s account : ပို့သူရဲ့ဘဏ်က ပို့လိုက်တဲ့စာရင်းကို လက်ခံသူဘဏ်က Credit စာရင်းဖွင့်ပြီး လက်ခံသူဆီကိုထည့်ပေးပါတယ်။
- Transfer is confirmed : လက်ခံသူဘဏ်က ငွေလွှဲမှုကို ပို့သူဘဏ်ကိုအတည်ပြုပေးပြီး အဲ့ကနေတဆင့် ငွေလွှဲသူကို အကြောင်းကြားပေးပါတယ်။ ဒီလိုနဲ့ပဲ Telegraphic Transfer အဆင့်ပြီးဆုံးပါတယ်။
အောက်ကပုံကတော့ DBS bank ရဲ့ TT Manual Form ကိုနမူနာအနေနဲ့ပြပေးထားပါတယ်

ဘာကြောင့် TT Transfer ကိုသုံးကြတာလဲ.. (Why TT Transfer)
လူတွေက အခြေခံအားဖြင့် TT transfer ကို အောက်အချက်(၅)ချက်ကြောင့် အသုံးပြုကြပါတယ်..
Security: TT transfers က ecure messaging protocols ကိုအသုံးပြုပြီး Destination ကို အန္တာရာယ်ကင်းစွာပို့ပေးနိုင်တဲ့ SWIFT Banking Network နဲ့ နိုင်ငံတကာကိုလွှဲနိုင်တာကြောင့် လုံခြုံစိတ်ချရမှုအပြည့်ရှိလို့ အသုံးပြုကြပါတယ်။
Global Reach: TT transfers ကိုနိုင်ငံတကာအသုံးပြုနိုင်ပါတယ်။ ဘဏ်အားလုံးနည်းပါးနဲ့ ငွေကြေးအဖွဲ့အစည်းတွေတော်တော်များများက နိုင်ငံတကာကို ငွေကြေးမျိုးစုံနဲ့ လွှဲပြောင်းပေးနိုင်ပါတယ်။
High Transfer Limits: တခြားငွေလွှဲနဲ့ မတူတဲ့အချက်က TT Transfer က ငွေအမောင့်များများ၊ တချို့အခြေအနေတွေမှာဆို ငွေအမောင့် တောင်မကန့်သတ်ပဲ စီးပွားရေးငွေလွှဲပြောင်းမှု၊ ပုဂ္ဂိုလ်ရေးငွေလွှဲပြောင်မှုပြုလုပ်နိုင်ပါတယ်။
Flexibility: TT transfers ကို အွန်လိုင်းကော၊ ဖုန်းနဲ့ကော၊ ဘဏ်ခွဲတွေမှာကော၊ နည်းလမ်းမျိုးစုံနဲ့ လွှဲမယ့် Customer အဆင်ပြေတဲ့နည်းနဲ့ လွှဲပြောင်းနိုင်ပါတယ်။
Reliability: TT က နာရီပိုင်းကနေ ၅ရက်အထိကြာနိုင်တာမို့ အမြန်ဆုံးနည်းလမ်း မဟုတ်ပေမယ့် TT အသုံးပြုထားတဲ့ System က ဘဏ်ေပါင်းစုံရဲ့ ငွလွှဲရောက်ရှိမှုကို သေချာစေနိုင်တဲ့ Transfer pfocess တွေပါဝင်တာမို့ Robust and effiecient ဖြစ်ပါတာကြောင့် ယုံကြည်အားနိုင်ရပါတယ်။
TT Transfer ရဲ့ အားနည်းချက်ဘာတွေရှိမလဲ..
1. High Fees : ငွေလွှဲ Process တွေမှာ Parties များများပါဝင်တာကြောင့် လွှဲသူဘဏ်ဝန်ဆောင်ခ၊ လက်ခံသူဘဏ်ဝန်ဆောင်ခ၊ ငွေပြောင်းလဲခ (Exchange Rate) စတဲ့ Bank charges Fees တွေကုန်နိုင်တာကြောင့် လွှဲခကုန်ကျစရိတ်များနိုင်ပါတယ်။
2. Processing Time : နိုင်ငံတွေပေါ်မူတည်ပြီး ဘဏ်စနစ်တွေအတည်ပြုမှုနဲ့ နိုင်ငံရဲ့ Time zone အပြောင်းအလဲ ပေါ်မူတည်ပြီး Operating time တွေရှိတာကြောင့် လွှဲပြောင်းချိန် ကြာမြင့်တတ်ပါတယ်။
3. Lack of Transparency : Manual TT transfer တွေမှာ တွေ့ရများတတ်မှာပါ လက်ခံမယ့် နိုင်ငံရဲ့ Regulation and policies တွေပေါ်မူတည်ပြီး Bank fees တွေ၊ Exchange Rate တွေ အပြောင်းအလဲ ရှိတတ်တာကြောင့် Transfer fees ကောက်ခံမှုမှာ ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ ပြောလို့ရနိုင်။
4. Complexity : ပထမဦးဆုံးငွေလွှဲသူအနေနဲ့ အဆင့်ပေါင်းစုံအတွက် ငွေလွှဲသေချာစေဖို့ အချက်အလက်ဖြည့်သွင်းတဲ့အခါ ရှုပ်ထွေမှု မရှင်းလင်းမှု ရှိနိုင်ပါတယ်။ ဥပမာ – SWIFT/BIC Code ထည့်တာတွေ၊ ပမာဏများတဲ့ ငွေတွေအတွက် Supporting info and Document စီစဉ်ရတာတွေ။
စတာတွေနဲ့ ဒီမှာ မဖော်ပြထားတဲ့ AML/CFT ကိစ္စတွေမှာ သံသယဝင်ခံရရင် ငွေလက်ခံသူတွေဆီကို ငွေ ရောက်မရောက် မသေချာတာတွေကြုံရမယ့် အားနည်းချက်တွေရှိိနိုင်ပါတယ်။ ဒါပေမယ့်ဒီအချက်တွေက တခြားနည်းလမ်းနဲ့ ငွေလွှဲပြောင်းတာတွေမှာလည်းကြုံရနိုင်ပါတယ်။
Referrence:
- Investopia : https://www.investopedia.com/terms/t/telegraphic-transfer.asp
- World remit : https://www.worldremit.com/en/blog/finance/telegraphic-transfers
- Forbes : https://www.forbes.com/sites/ofx/2018/09/12/the-past-present-and-future-of-global-money-transfer/
- Wikipedia : https://en.wikipedia.org/wiki/Telegraphic_transfer
- Money Transfers : https://moneytransfers.com/bank-transfers/telegraphic-transfer
- Statrys : https://statrys.com/blog/telegraphic-transfer
- Wise : https://wise.com/us/blog/telegraphic-transfer-vs-wire-transfer