နိုင်ငံခြားကိုငွေလွှဲဖို့လိုလာလို့ စုံစမ်းကြည့်ရာကနေ Telegraphic Transfer ဆိုတဲ့စကားလုံးကိုကြားမိတာကြာပါပြီ ငွေလွှဲအကျိုးဆောင်အခေါ်ကတော့ TT အဝေးပေါ့နော်.. အဲ့ဒါခုတလော remittance အကြောင်းတွေ လိုက်ဖတ်ကြည့်မှ ဟိုဟာဖတ်လိုက် Term အဓိပ္ပာယ်လိုက်ကြည့်လိုက် လုပ်ရင်း Telegraphic Transfer ဆိိုတာဘာလဲဆိုတာပါ လေ့လာမိသွားပါတယ်… Photo credit goes to WallStreetMojo Telegraphic Transfer ဆိုတာဘာလဲ… Telegraphic Transfer (သို့) Telex Transfer (သို့) TT ဆိုတာ Electronic method နဲ့ ငွေလွှဲတာပါပဲ.. အခြေခံအားဖြင့် နိုင်ငံရပ်ခြားက ဘဏ်တစ်ခုခုကိုဆီကို wire transactions လုပ်ဖို့လိုလာတဲ့အခါ အသုံးများပါတယ်။ သူ့နာမည်အတိုင်းပဲ ဘဏ် (သို့) ငွေကြေးအဖွဲ့အစည်း ၂ခုကြား အလွှဲအပြောင်းတွေလုပ်ဖို့ ပြောဆို ဆက်သွယ်တာ…